LUCKY သစ်ကြားသီးမွှေးနေကြာစေ့လှော်

Lucky နေကြာစေ့က သစ်ကြားသီးနဲ့ ထုတ်လုပ်ထားတာမို့ သစ်ကြားသီးရဲ့ ကောင်းကျိုးတွေအပြင် ထူးခြားတဲ့အရသာကိုပါ ရရှိနိုင်ပါတယ်။ ဈေးနှုန်းကလည်း လူတန်းစားမရွေးဝယ်ယူစားသုံးနိုင်တာမို့ အဆင်ပြေပါတယ်ရှင်။

ထုပ်ပိုးမှုအနေအထားကလည်း Luxury ဆန်ပြီး Zip အိတ်ပုံစံမို့ စားပြီးလို့ မကုန်တဲ့အခါမျိုးတွေမှာလည်း ပျော့သွားခြင်းလည်း မရှိပါဘူး။ အထုပ်အရွယ်အစားကလည်း နေရာတိုင်းကို လွယ်လင့်တကူ သယ်ဆောင်သွားနိုင်လို့ စားချင်စိတ်ရှိတိုင်း စားသုံးနိုင်တာမို့ စိတ်ကျေနပ်စရာ ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။

​Lucky သစ်ကြားသီးမွှေးနေကြာစေ့လှော်ကတော့ အရသာပိုင်းကအစ ဈေးနှုန်းနဲ့ ထုပ်ပိုးမှုပုံစံအဆုံး အပြစ်ဆိုစရာလုံးဝမရှိတာမို့ ဘယ်ချိန်စားစားအဆင်ပြေတဲ့ နေကြာစေ့ဖြစ်နေတာပေါ့။

Lucky သစ်ကြားသီးမွှေးနေကြာစေ့လှော်

အပျင်းပြေ 𝗟𝗨𝗖𝗞𝗬 နေကြာစေ့လေးစားရင်းကနေ ကျန်းမာ‌ရေးအတွက် ဘယ်လို‌ကောင်းကျိုး‌တွေရရှိနိုင်မလဲဆိုတာ သိပြီးကြပြီလား?

နေကြာစေ့မှာ ကိုယ်ခံအား (Immune System) ကောင်းမွန်ဖို့အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကြွယ်ဝစွာပါဝင်နေသလို နှလုံးကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ်။

Energy Level ကိုမြှင့်တင်ပေးသလို ခန္ဓာကိုယ်အတွက်မလိုအပ်တဲ့ ကိုလက်စ‌‌ထရော (Cholesterol) များကိုလည်း လျော့ကျစေပါတယ်။

နေကြာစေ့စားသုံးခြင်းက ကျန်းမာစိုပြေတဲ့အသားအရေကိုရရှိနိုင်ပြီး ခန္ဓာကိုယ်‌ပေါ်မှာဖြစ်ပွားတတ်တဲ့ ဘတ်တီးရီးယားရောဂါများမှလည်း အကာအကွယ်ပေးနိုင်မှာပါ။

သစ်ကြားသီးက ခန္ဓာကိုယ်ရဲ့အစာခြေစနစ်ကိုကောင်းမွန်စေပြီး ကင်ဆာဖြစ်နိုင်ချေကိုလျှော့ချပေးပါတယ်။

ဒါ့အပြင် Omega-3 Fatty Acid ပါဝင်တာမို့ နှလုံးကျန်းမာရေးအတွက် ကောင်းစွာအကျိုးပြုနိုင်မယ့်အပြင် Antioxidant, Polyphenol နဲ့ Vitamin E တို့က သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပါတယ်။

သစ်ကြားသီးက မှတ်ဉာဏ်အားကို ပိုမိုကောင်းမွန်စေပြီး Antioxidant ကြောင့်ဖြစ်တတ်တဲ့ ရောင်ရမ်း‌မှုတွေကိုလျှော့ချပေးနိုင်ပါတယ်။

ဈေးလည်းတန် အရသာလည်းထူးခြားတဲ့ Lucky သစ်ကြားသီးမွှေးနေကြာစေ့လှော်နဲ့အတူ လှပတဲ့အခိုက်အတန့်လေးတွေ ပိုင်ဆိုင်လိုက်ရအောင်။

Lucky သစ်ကြားသီးမွှေးနေကြာစေ့လှော်

Clients' FeedBacks